ဖျာပုံမြို့ အ.ထ.က(၃)ကျောင်း၊ ကျောင်းမုခ်ဦးသစ်ဖွင့်ပွဲကျင်းပ
Jun 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ် (၈)ရပ်ကွက်ရှိ အ.ထ.က (၃)ကျောင်း၊ ကျောင်းမုဒ်ဦးသစ်အား အလှူရှင် (ဦးကျော်ဇောလင်း) ဇနီးသီဟသုဓမ္မသိင်္ဂီဒေါ် အေးအေးသက်မိသားစုမှ ငွေကျပ် သိန်း (၁၁၀) ကျော် အကုန်အကျခံကာ ဆောက်လုပ်လှူဒါန်းခဲ့သော အ.ထ.က (၃)ကျောင်း၊ ကျောင်းမုခ်ဦးသစ်ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၅ ရက်နေ့ နံနက်ပိုင်းအချိန်က အဆိုပါကျောင်မုခ်ဦးရှေ့တွင် ဖွင့်ပွဲအခမ်းအနားကျင်းပသည်။