သတင်းများ

အင်္ဂပူမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာစောင်များပေးအပ်လှူဒါန်း
Jun 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထူအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ပြုလုပ်ခဲ့သည်။
ရန်ကုန်နည်းပညာတက္ကသိုလ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချစေရန် ရည်ရွယ်၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၁၀) နာရီ က ရန်ကုန်နည်းပညာတက္ကသိုလ်ဝန်းအတွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ် အ.ထ.က လေးမျက်နှာကျောင်းခန်းမတွင် စာပေဟောပြောပွဲပြုလုပ်
Jun 28,2024
ဧရာဝတီတိုင်းဒသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အ.ထ.က လေးမျက်နှာကျောင်းခန်းမတွင် စာပေဟောပြောပွဲကို ယမန်နေ့နံနက် ၈နာရီ ၃၀ မိနစ် အချိန်က ပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ် Community Centre ခန်းမတွင် Book Club အဖွဲ့မှ “တန်ဖိုးရှိသောနေ့” စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပ
Jun 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် Book Club အဖွဲ့မှ စာရေးဆရာ ကျော်ကျော်လှိုင် ၏ ‘’တန်ဖိုးရှိ သောနေ့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်းတွင်ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် စာဖတ်ဝိုင်း ဆောင်ရွက်
Jun 28,2024
ယနေ့ခေတ် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ယမန်နေ့ နံနက် ၁၁နာရီက စာပေချစ်မြတ်နိုးသူများအသင်း Book Clubနှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ချောင်းသာ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ကျန်းမာရေးဦးစီးဌာနကဦးဆောင်ပြီး သွေးလွန်တုပ်‌‌ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ချောင်းသာမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ပူးပေါင်းအဖွဲ့များက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jun 28,2024
၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် အမျိုးသမီး ဘောလီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပပြုလုပ်သည်။
“GENDER, CEDAW, NSPAW, UNSCR- 1325 အသိပညာပေးသင်တန်း” မုံရွာမြို့တွင် ဖွင့်လှစ်
Jun 28,2024
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးပြီး “GENDER, CEDAW, NSPAW, UNSCR- 1325 အသိပညာပေးသင်တန်း” ကို ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်း က အဆိုပါ ရုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။