သတင်းများ

နမ့်စန်မြို့ အ.ထ.က-ခွဲ (လွယ်ယင်း)တွင် School Milk Programme အစီအစဉ်ဖြင့် ကျောင်းသားကျောင်းသူများကို အဟာရပြည့်နွားနို့နှင့်ကြက်ဥတိုက်ကျွေး
Jun 28,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များအား ကျန်းမာသန်စွမ်းပြီးဗလငါးတန်နှင့်ပြည့်စုံ၍ ပညာရေးတွင် ထူးချွန်သည့် လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ Sunjin Myanmar Company၊ မိုးရိပ်ရှမ်းတောင်ပရဟိတအသင်းနှင့် ကရုဏာရှင်လူမှုကူညီရေးအသင်းတို့ပူးပေါင်း ပြုလုပ်သော School Milk Programme အစီအစဉ်ဖြင့် အာဟာရတိုက်ကျွေးခြင်းအား  ယမန်နေ့နံနက် ၉ နာရီက လွိုင်ယဲကျေးရွာအုပ်စု၊တိုင်းကောင်ကျေးရွာရှိ အ.ထ.က-ခွဲ (လွယ်ယင်း) ကျောင်း တွင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင်  မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ (၁၈)နှစ်အောက် အမျိုးသားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စု မဲနှိုက်ရွေးချယ်
Jun 28,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားနှင့်အမျိုးသမီးဘောလုံး ပြိုင်ပွဲ အုပ်စုခွဲမဲနှိုက်ရွေးချယ်ပွဲကို ယမန်နေ့နေ့လည် ၂ နာရီက အမှတ် (၂) ရပ်ကွက်ရှိ  မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် အား/ကာ ကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။
ကယားပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 28,2024
ကယားပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jun 28,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး စာရေးဆရာ နတ်သျှင် (ရွှေဂူ) ရေးသားသော “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ (၃) နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ် သဘင်အစည်းအရုံးအလုပ်အမှုဆောင်ရွေးချယ်ပွဲ အခမ်းအနားကျင်းပ
Jun 28,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်သဘင်အစည်းအရုံးအလုပ်အမှု ဆောင်ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ငဖဲမြို့ (အ.ထ.က) တွင် အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 28,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဘိုကလေးမြို့နယ်တွင် မိုးစပါးရာသီ ကြဲခင်းစနစ်လျော့နည်းရေးအတွက် Drum Seeder ဖြင့် မျိုးစေ့ချပွဲ ကျင်းပ
Jun 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပဆောင်ရွက်သော ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ ကြဲခင်းစနစ်လျော့နည်းရေးအတွက် Drum Seeder ဖြင့် မျိုးစေ့ချပွဲအခမ်းအနားအား ယမန်နေ့ ဇွန်(၂၆)ရက် ညနေ (၅)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စုရှိ ဦးငြိမ်း၏ လယ်ယာမြေတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
သဲကုန်း​မြို့နယ်၌ မြို့နယ်အဆင့် ဘက်စုံအရည်အချင်း မှတ်တမ်းချုပ် (CCPR) နှင့် ဘက်စုံပညာအရည်အချင်းမှတ်တမ်း (QCPR) ရေးသွင်းဖြည့်သွင်းမှု ဆင့်ပွားသင်တန်း ဖွင့်လှစ်
Jun 28,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်အဆင့် ဘက်စုံအရည်အချင်းမှတ်တမ်းချုပ် (CCPR) နှင့် ဘက်စုံပညာအရည်အချင်းမှတ်တမ်း (QCPR) ရေးသွင်းဖြည့်သွင်းမှု ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်ပညာ​ရေးမှူးရုံး အစည်းအ​ဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။