လေးမျက်နှာမြို့နယ် အ.ထ.က လေးမျက်နှာကျောင်းခန်းမတွင် စာပေဟောပြောပွဲပြုလုပ်

လေးမျက်နှာ ဇွန် ၂၈

ဧရာဝတီတိုင်းဒသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အ.ထ.က လေးမျက်နှာကျောင်းခန်းမတွင် စာပေဟောပြောပွဲကို ယမန်နေ့နံနက် ၈နာရီ ၃၀ မိနစ် အချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံစာရေးဆရာအသင်းအဖွဲ့ဝင်၊ လေးမျက်နှာမြို့နယ် မြို့မိ၊ မြို့ဖ ဦးလှိုင်အေးက စာပေဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆရာသိန်းဇော် (ရွှေလီဦး) ၏ ကိုယ်ရးအကျဉ်းကိုဖတ်ကြားပြီးနောက် ဆရာသိန်းဇော် (ရွှေလီဦး) က မူးယစ်ဆေးနှင့်သူ၏သားကောင် ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့သည်။ ဆက်လက်၍ ဆရာဆောင်းနတ်သျှင် (ပညာရေး) ၏ ကိုယ်ရေးအကျဉ်းကိုဖတ်ကြားပြီးနောက် ဆရာဆောင်းနတ်သျှင် (ပညာရေး) က အဆိပ်ပန်းမို့မနမ်းစေချင် ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့သည်။ ကြွရောက်ဟောပြောပါသော ဆရာသိန်းဇော် (ရွှေလီဦး) နှင့် ဆရာဆောင်းနတ်သျှင် (ပညာရေး) တို့အား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီး အ.ထ.က လေးမျက်နှာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံစာရေးဆရာအသင်းအဖွဲ့ဝင်၊ လေးမျက်နှာမြို့နယ် မြို့မိ၊ မြို့ဖ ဦးလှိုင်အေး၊ ဆရာသိန်းဇော် (ရွှေလီဦး)၊ ဆရာဆောင်းနတ်သျှင်(ပညာရေး)၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အင်အား (၄၀၀) ခန့် တက်ရောက်ခဲ့သည်။

မြို့နယ် (ပြန်/ဆက်)