ရန်ကုန်နည်းပညာတက္ကသိုလ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန် ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၁၀) နာရီ က ရန်ကုန်နည်းပညာတက္ကသိုလ်ဝန်းအတွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ထိုသို့ သစ်ပင်စိုက်ပျိုးပွဲကျင်းပရာတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာသုနန္ဒာ (သင်တန်းရေးရာ) မှ အမှာစကားပြောကြားပြီး အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းကျော်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ရန်ကုန်နည်းပညာ တက္ကသိုလ်၊တာဝန်ရှိသူများထံ ပျိုးပင်များပေးအပ်သည်။

ဆက်လက်၍ ရန်ကုန်နည်းပညာတက္ကသိုလ်ဝန်းအတွင်းရှိ သတ်မှတ်နေရာများတွင် ဒုတိယပါမောက္ခချုပ်များ၊ဌာနမှူးများ၊ဆရာ/ဆရာမများ၊ဝန်ထမ်းများ၊ကျောင်းသား၊ကျောင်းသူများ၊အင်းစိန် မြို့နယ်၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက အမြင့်-၂ပေနှင့်အထက် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်း၊ မဟော်ဂနီ၊ မန်ဂျန်းရှား၊ ပျဉ်းမ၊ ထိုင်ဝမ်ဗန်ဒါ၊ စိန်ပန်း သစ်မျိုး ()မျိုး၊ အပင်အရေအတွက် (၂၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)