တောင်ကြီး ဇွန် ၂၈
၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီး ဘောလီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပပြုလုပ်သည်။
အမျိုးသမီးဘော်လီဘော်ပြိုင်ပွဲတွင် တောင်ကြီးပညာရေးဒီဂရိကောလိပ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ပြည်နယ်ပညာရေးမှူးရုံး၊ သားဖွားသင်တန်းကျောင်း၊ သူနာပြုသင်တန်းကျောင်း၊ တောင်ကြီးတက္ကသိုလ် ဘော်လီဘောအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် ပညာရေးဒီဂရီကောလိပ်အသင်းနှင့် တောင်ကြီးတက္ကသိုလ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဒီဂရီကောလိပ်အသင်းက တောင်ကြီးတက္ကသိုလ်အသင်းကို အနိုင်ရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ တွင် တတိယဆုရရှိသည့် ပြည်နယ်ပညာရေးမှူးရုံးအသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီး ဒေါ်သီတာဦးက ချီးမြှင့်ငွေနှင့်ဆုတံဆိပ်များကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် တောင်ကြီးတက္ကသိုလ်အသင်းအား ရှမ်းပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ချီးမြှင့်ငွေနှင့် ဆုတံဆိပ်များကိုလည်းကောင်း၊ ပထမဆုရရှိသည့် ပညာရေးဒီဂရီကော လိပ်အသင်းအား ရှမ်းပြည်နယ်အမျိုးသမီးကော်မတီ နာယက ဒေါ်ညိုမီစောက အမျိုးသမီးတံခွန်စိုက်ဖလား၊ ချီးမြှင့်ငွေနှင့် ဆုတံဆိပ်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စိုင်းသန်းကျော် (တောင်ကြီး)