သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ကြည့်ရှုအားပေး
Jun 28,2024
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေးနှင့် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး စာဖတ်စွမ်းရည်၊ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Jun 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး ဇွန် ၂၆ ရက်နေ့ မွန်းလွဲ(၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်၊ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သာစည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် နွေစပါးစံကွက်ရိတ်သိမ်းတစ်ဧက စပါး(၁၂၇)တင်းထွက်ရှိ
Jun 28,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မင်းလှကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ကွင်းအမှတ်(၁၈၄၂) ဦးပိုင်အမှတ်(၁၇) တောင်သူဦးကိုကိုကြီး၏ နွေစပါး(GW-18)(၁.၀၀)ဧကတွင် ပြုလုပ်ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်၌အသက် ၂ နှစ်အထက်ပြည်သူများအား ဆင်​ခြေ​ထောက်​ရောဂါကင်း​ဝေး​​စေရန် ဆင်​ခြေ​ထောက်​ဆေးတိုက်​ကျွေးခြင်းလုပ်ငန်း အသိပညာပေးဆွေးနွေး
Jun 28,2024
ရမည်းသင်းမြို့နယ် အ​ထွေ​ထွေအုပ်ချူပ်ရေးဦးစီးဌာနသင်းရတနာခန်းမ၌ ယ​နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန် မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ရမည်းသင်းမြို့နယ်၌အသက်၂ နှစ်အထက် ပြည်သူများအား ဆင်​ခြေ​ထောက်​ရောဂါကင်း​ဝေး​​စေရန် လူကုန်ဆင်​ခြေ​ထောက်​ဆေးတိုက်​ကျွေးခြင်းလုပ်ငန်းစီမံချက် အသိပညာပေးဆွေးနွေးကို ကျင်းပပြုလုပ်သည်။
မှော်ဘီမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့က မင်းရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ထန်းတပင်မြို့နယ်၌ကျောင်းသား၊ ကျောင်းသူများအား အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြော
Jun 28,2024
လူငယ်လူရွယ်များအားကစားဆိုင်ရာအသိပညာနှင့် ဗလငါးတန်ဖွံ့ဖြိုးပြီး လူကောင်းလူတော်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇွန်လ(၂၈) ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က-ထန်းတပင်ကျောင်း၊ လှိုင်ရတနာခန်းမ၌ကျင်းပသည်။
တာမွေမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Jun 28,2024
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ခြင်းဖြင့် အသိဉာဏ် ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများအဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်ရည်ရွယ်ပြီး တာမွေမြို့နယ် စာပေဝါသနာရှင်များမှ စီစဉ်ကျင်းပသော " လောင်းရိပ် " ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ
Jun 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းအစည်းအ‌ဝေးကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။