ကျွန်းစုမြို့တွင် ရေပြင်အသက်ကယ်ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Jun 28,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီး၍ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ မြို့အဝင်ဆိပ်ကမ်းဘောတံတားအနီး ရေပြင်၌ ရေပြင်အသက်ကယ်ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။