ချောင်းသာ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ချောင်းသာ ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ကျန်းမာရေးဦးစီးဌာနကဦးဆောင်ပြီး သွေးလွန်တုပ်‌‌ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ချောင်းသာမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ပူးပေါင်းအဖွဲ့များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ချောင်းသာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊    တိုက်နယ်ကျန်းမာရေးဌာနနှင့် ချောင်းသာမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်းပြီး ချောင်းသာမြို့ အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၃) ရပ်ကွက်များအတွင်း ကွင်းဆင်း၍ ခြင်မှဆစ်ဆင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်​ရေးနှင့် ပိုး‌လောက်လမ်း ပေါက်ဖွားမှုမှ ကာကွယ်နိုင်​ရေးတို့အတွက် ခြင်များအလွယ် တစ်ကူခိုအောင်းနိုင်သည့် ရေတင်ကျန်နိုင်သော နေရာများ၊ ဘူးခွက်များ၊ ရေပုံး၊ ရေအိုး၊ ရေခွက်၊ တာယာအဟောင်းများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေတိုင်ကီနှင့်ကျောက်စည်ပိုင်း၊ ရေတွင်း၊ ရေကန်များအား အဘိတ်(abate) ဆေးခတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ချောင်းသာမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သာသနိက အဆောက်အအုံများ၊ ကျေးရွာ၊ ရပ်ကွက်အတွင်းရှိ နေအိမ်၊ အဆောက်အအုံများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်၊ လုပ်ငန်းများနှင့် အဘိတ်(Abate)ဆေးခတ်ခြင်းလုပ်ငန်းများကို အပတ်စဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချောင်းသာ (ပြန်/ဆက်)