အိမ်မဲ ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် Book Club အဖွဲ့မှ စာရေးဆရာ ကျော်ကျော်လှိုင်၏ ‘’တန်ဖိုးရှိသောနေ့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်းတွင်ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီးတန်ဖိုးရှိသောနေ့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ မြို့နယ်ဦးစီးအရာရှိနှင့် Book Club အဖွဲ့ဝင်များက မိမိတို့ထင်မြင်ယူဆချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထိုကဲ့သို့စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းကြောင့် Club အဖွဲ့များတစ်ဦးနှင့်တစ်ဦးရင်းနှီးကျွမ်းဝင်စေခြင်း၊ စာကြည့်တိုက်ကိုကျွမ်းကျင်စွာအသုံးပြုနိုင်ခြင်း၊တစ်ဦးကရရှိသည့်ဗဟုသုတကိုအခြားသူ တစ်ဦးသို့ပြန်လည်မျှဝေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိပြီး အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်လည်း စာဖတ်ဝိုင်းများ၊ Talk Show များ၊ ပြပွဲ၊ ပြိုင်ပွဲများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)