မြိတ်မြို့တွင် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်
Nov 02,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် သတိပေးနှိုးဆော်ခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ရေပုန်းရပ်ကွက် ငြိမ်းချမ်းရေးရပ်တွင် တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခဲ့ကြသည်။