သတင်းများ

ရေဘေးအန္တရာယ်အတွက် အသင့်ဖြစ်စေရန် အိမ်မဲမြို့နယ်၌ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်
Jul 24,2026
မိုးရာသီကာလအတွင်း ရေဘေးအန္တရာယ်များ ကျရောက်လာပါက လျင်မြန်ထိရောက်စွာ တုံ့ပြန် ကယ်ဆယ်နိုင်ရေးနှင့် ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် ရည်ရွယ်၍ ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို အိမ်မဲမြို့နယ် ချောင်းဝရပ်ကွက် (၁) လမ်းအိမ်မဲချောင်းအတွင်း၌ ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က မြို့နယ် မီးသတ်တပ်ဖွဲ့က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 24,2026
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၄နာရီက ကျင်းပပြုလုပ်သည်။
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ဝဥနှင့် အစေ့ထုတ်ပြောင်းသီးနှံ စနစ်တကျ ထုတ်လုပ်နည်းပညာပေး သင်တန်းဖွင့်လှစ်
Jul 24,2026
ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဝဥနှင့် အစေ့ထုတ်ပြောင်းသီးနှံ စနစ်တကျ ထုတ်လုပ်နည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၃ နံနက် ၁၀နာရီက ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
တောင်တွင်းကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိ
Jul 24,2026
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ဇူလိုင်လ ၂၁ ရက်နေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အလုံမြို့နယ်၌ ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
Jul 24,2026
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို‌ပြေရေးအတွက် ခရိုင်အဆင့် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ ခရိုင်ပညာရေးမှူးရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေး
Jul 24,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ Denko၊ Max စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ်၌ စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ရောင်းချပေးနေမှု ကြည့်ရှုစစ်ဆေး
Jul 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချပေးနေမှုများကို တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ငလျင်ဘေးအန္တရာယ်ကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၄၀) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ Diamond Knowledge (International School)တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ငလျင်ဘေးအန္တရာယ်ကာကွယ်‌ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။