မိုင်းယောင်း ဇူလိုင် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် အမှတ်(၈)ရပ်ကွက်ခန်းမ၌ ယမန်နေ့က ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ပြုလုပ်သည်။
ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်းတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘွန်းစီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်း၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးဇော်လွင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်မိုးတို့က ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး၊ ဒေသတွင်းစားသုံးဆီဖူလုံရေးများကို ဆွေးနွေးကြပြီး တက်ရောက်လာသူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
မြို့နယ်(ပြန်/ဆက်)