မကွေး ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလမ်း/တံတားတည်ဆောက် ခြင်းလုပ်ငန်းများကို ယမန်နေ့က မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်ကိုကို၊ မကွေးခရိုင် QC တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ-၂(မြို့ပြ) ဦးခိုင်မင်းစိုးနှင့်တာဝန်ရှိသူများသည် မကွေးမြို့နယ် ရွာဟောင်းကန်အုပ်စု၊ ကန်သစ်ကျေးရွာလုပ်ငန်းခွင်သို့သတ်မှတ် Design နှင့် ကိုက်ညီမှုရှိ/မရှိ၊ သတ်မှတ်စံချိန်စံညွှန်းအတိုင်းလိုက်နာဆောင်ရွက်မှုရှိ/မရှိတို့ကို သွားရောက်ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မကွေး-ရေနံချောင်းလမ်းမှ ကန်သစ်ကျေးရွာလမ်း (၀/၄.၃)မိုင် အရှည် ၁၆ ပေအကျယ် ၆"ထု ၂"x၄" ကျောက်ဖြင့် Subbase ခင်းခြင်း၊ ၁၄ ပေ အကျယ် ၇ လက်မထု ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား တင်ဒါအောင်မြင်သည့် Ten Ten Myanmar Co.Ltd မှ တင်ဒါအောင်မြင်ငွေ (၄၃၂.၄၄၀) ကျပ်သန်းဖြင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့မှစ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိ အချိန်တွင် (၁၆)ပေအကျယ် ၂"x၄"ခွဲ ကျောက်ဖြင့် Subbase ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးဖြစ်ကာ လုပ်ငန်းအားလုံး၏ (၃၀%)ပြီးစီးပြီဖြစ်ကာ အဆိုပါ လမ်းခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီးသွားပါက ကျေးရွာ (၅) ရွာ၊ အိမ် ထောင်စု (၁၃၅၄) စု၊ အိမ်ခြေ (၁၂၅၃) အိမ်၊ လူဦးရေ (၅၃၀၉)ဦး နှင့် စိုက်ပျိုးဧက (၈၈၄.၃၁) ဧကတို့အတွက် လမ်းပန်းဆက်သွယ်မှု ပိုမိုလွယ်ကူကောင်းမွန်လာပြီး လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်သည့် အကျိုးကျေးဇူးများဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)