ပြည် ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်မြို့နယ် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၈) နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်မြို့၊ ရွှေကူရပ်ကွက် မြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာအခမ်းအနားတွင် ပြည်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ပြည်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အားကစားသမားများနှင့် အားကစားဝါသနာရှင် မိဘပြည်သူများ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ဝဏ္ဏထွန်း(ပြန်/ဆက်)