Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
သာကေတမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ရပ်ကွက်စာကြည့်တိုက်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Dec 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံဖြိုးရေးအတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှစ၍ သာကေတမြို့နယ်ရှိရပ်ကွက် စာကြည့်တိုက်များသို့ တာ၀န်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများ(တတိယ)အကြိမ် ထုတ်ပြန် ကြေညာ ပြည်သူများလာရောက်ကြည့်ရှု
Dec 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများ၏ စာရင်းများအား ယမန်နေ့ကစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် သက်ဆိုင်ရာနေရာများ၌ (တတိယ)အကြိမ် ထုတ်ပြန်ကြေညာထားရာ ပြည်သူများလာရောက်ကြည့်ရှုကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်
Dec 24,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ သံယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်တို့လိုက်ပါ၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယမန်နေ့ နေ့လယ်ပိုင်းက ဟင်္သာတမြို့၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ပင်မသုံးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲပြုလုပ်
Dec 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရေး မဲဆန္ဒရှင်စာရင်းများ (တတိယအကြိမ်) ကပ်ထားကြေညာ
Dec 24,2025
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင်၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ (တတိယအကြိမ်)ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၁,၀၉၂၂ ဧကထိ ရိတ်သိမ်း ပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် ၉၈ ဒသမ ၂၃ တင်းနှုန်းထွက်ရှိ
Dec 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုး ရာသီကဒေသအတွင်း ဆန်စပါးဖူလုံပိုလျှံရေးအတွက် ဆည်ရေသောက်စနစ်ကို အဓိကအားထားပြီး ဒေသနှင့်ကိုက်ညီသည့် ဧရာမင်း၊ မနော်သုခ၊ ရွှေမနော်၊ အောင်နိုင်တိုး၊ GW-11 စသည့် မိုးစပါးမျိုးများစိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ၁,၀၉၂၂ ဧကထိ ရိတ်သိမ်းပြီးစီး ပြီဖြစ်ကာ တစ်ဧကလျှင် ၉၈ ဒသမ ၂၃ တင်းနှုန်း ထွက်ရှိ၍ စပါးတင်းစုစုပေါင်း ၁၀၇၂၈၆၈တင်း ထွက် ရှိကြောင်း မြစ်သားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ တတိယအကြိမ် မဲစာရင်းကပ်ကြေညာထားရှိမှုအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းကြည့်ရှုစစ်ဆေး
Dec 24,2025
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းက အလုံမြို့နယ်ဂဠုန်ရပ်ကွက်၊ ဌာနာရပ်ကွက်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုနှင့် မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းများ လာရောက်ကြည့်ရှုမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး
Dec 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တည်ဆဲအခွန် ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
34
Page
35
Page
36
Page
37
Current page
38
Page
39
Page
40
Page
41
Page
42
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department