သတင်းများ

လွှတ်တော်ဖလား မိုးရာသီအလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Jul 24,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် မိုးရာသီအလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၂ နာရီက မြို့နယ်ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်၌ တိုင်ထောင်ပဲစိုက်ပျိုး ရောင်းချသူများ မိသားစု ပုံမှန်ဝင်ငွေရရှိ
Jul 24,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အညာကျေးလက်ဒေသများရှိ ဒေသခံ တောင်သူများသည် မြေအောက်ရေကိုအမှီပြု၍ ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံ စိုက်ပျိုးရာတွင်အောင်မြင်ဖြစ်ထွန်းပြီး မိသားစုပုံမှန်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ် လေ့ကျင့်ရေး အလယ်တန်းကျောင်း၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်
Jul 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့နံနက်ပိုင်းကကျောင်းကျန်းမာရေးဌာနမှ ဒေါက်တာ နန်းစံအံ့ထူး (သွားနှင့်ခံတွင်းကျန်းမာရေး) ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ရန်ကင်းမြို့နယ် လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
သုံးခွမြို့၌ ခွေးရူးပြန်ရောဂါကာကွယ်ဆေး (အခမဲ့) ထိုးနှံပေး
Jul 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ခွေးရူးပြန်ရောဂါကာကွယ်ဆေး (အခမဲ့) ထိုးနှံပေးခြင်းကို ဇူလိုင် ၂၂ ရက်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
ကျုံပျော်မြို့၌ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးပွဲပြုလုပ်
Jul 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှ ဦးဆောင်ကာ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်းလင်း ဆွေးနွေးပွဲကို ကျုံပျော်မြို့ ပြည်သူ့ အားကစားခန်းမ၌ ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။
ကံမမြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Jul 24,2026
တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေချောမွေ့စေရန်အတွက် ကံမမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၂)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအားထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက အလပ်လယ်ကျေးရွာအုပ်စုမှ တောင်သူ(၉၄)ဦးတို့၏ မိုးစပါးစိုက် ဧက(၂၀၅)ဧက အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် (၆၁၅) သိန်းအား ထုတ်ချေးပေးခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်စစ်ဆေးကုသမှုဆောင်ရွက်
Jul 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက် မေတ္တာလမ်း အမျိုးသမီးနှင့်ကလေးဆေးရုံတွင် ယမန်နေ့ နံနက်ပိုင်းအချိန်က သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။
အောင်လံမြို့နယ် မအူခုံကျေးရွာအုပ်စု၌ မိုးနှမ်း Radiation အကွက်ကျယ် စမ်းသပ်ကွက်နှင့် မြေပဲပန်းတိုင်စံပြကွက် ကွင်းသရုပ်ပြပွဲ ကျင်းပ
Jul 24,2026
​မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် မအူခုံကျေးရွာအုပ်စု၊ မအူခုံကျေးရွာ ကွင်းအမှတ်(၂၁၇)တွင် မိုးနှမ်း Radiation အကွက်ကျယ် စမ်းသပ်ကွက်နှင့် မြေပဲပန်းတိုင်စံပြကွက် ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ စိုက်ခင်း၌ ကျင်းပခဲ့သည်။