နတ်မောက်မြို့နယ် မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ မြို့ပေါ်ရှိ သက်ကြီးဘိုး/ဘွားများအား နံနက်စာအာဟာရကျွေးခြင်းဆောင်ရွက်

နတ်မောက် ဇူလိုင် ၂၄

မကွေးတိုင်ဒေသကြီး၊ နတ်မောက်မြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ မြို့ပေါ်ရှိသက်ကြီးဘိုး/ဘွားများအား နံနက်စာအာဟာရကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ခဲ့ရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးစိုးကဦးဆောင်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက မြို့ပေါ်(၇)ရပ်ကွက်ရှိ သက်ကြီးဘိုး/ဘွားများအား ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရ အစားအစာများကို ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

လှဝင်း