နတ်မောက် ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လေးစာဖတ်ခန်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်းကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်ပိုင်းက ရုပ်ပုံပြပုံပြင်ပြောခြင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်အိပြည့်ပြည့်ခိုင်(လုပ်သားရုပ်သံ)က ကျောင်းသား/ကျောင်းသူကလေးငယ်များ အားလပ်သည့်အချိန်များတွင် ပြည်သူ့စာကြည့်တိုက်သို့ စဥ်ဆက်မပြက်ဝင်ထွက်သွားလာကြစေရန်ရည်ရွယ်၍ လီခခ်စာပေနှင့်ယဥ်ကျေးမှုကော်မတီမှရေးသားပြုစုသည့် “ကူညီတတ်သောငှက်ကလေး” ရုပ်ပြပုံပြင်စာအုပ်အား ကလေးငယ်များက ရုပ်ပြပုံပြောခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ကျောင်းသူများအား စာဖတ်သည့်အလေ့အကျင့်ကောင်းရရှိစေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် ကျောင်းသား/ကျောင်းသူကလေးငယ်များ အားလပ်သည့်အချိန်များတွင် ရုပ်ပုံပြပုံပြင်ဖတ်ပြခြင်း၊ ပုံပြင်ပြောခြင်း၊ ကာယဥာဏစွမ်းရည်ပြိုင်ပွဲများကို လစဥ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း