ဘားအံမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ်များထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်
Jul 08,2024
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ကရင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာန (ဘားအံရုံးခွဲ)တို့ပူးပေါင်း၍ အမှိုက်များ စနစ်တကျခွဲခြားခြင်းနှင့် သိမ်းဆည်းခြင်း အလေ့အကျင့်ကောင်းများ ပေါ်ထွန်းရေးနှင့် ထုံးကျောက်တောင် ဂေဟစနစ်များအကြောင်း သိရှိစေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ်များ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။