ဓနုဖြူ ဇူလိုင် ၈
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက ဓနုဖြူမြို့နယ် ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့်အဖွဲ့သည် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်မြင့်နှင့် ကျန်းမာရေးဌာနရှိ ဝန်ထမ်းများအား တွေ့ဆုံ၍ ဒေါက်တာ ကျော်မြင့်မှ ကျန်းမာရေးကုသဆောင်ရွက်ပေးမှုအခြေအနေများ၊ ဆေးရုံရှိ အောက်ဆီဂျင် သုံးစွဲမှုအခြေအနေများ၊ ပြည်တွင်း/ပြည်ပမှ အလှူငွေများအား သုံးစွဲမှုအခြေအနေများနှင့် ဆောက်လုပ်ရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းနှင့်အဖွဲ့သည် ဆေးရုံတက်ရောက်နေသော လူနာများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး၊ ဆေးရုံအဆောက်အဦများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)