မြောက်ဥက္ကလာပ ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် နိုင်ငံတော်သံဃနာယကအဖွဲ့မှကြီးမှူး၍ ၂၀၂၄ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ကျင်းပခဲ့သည့် (၃၉)ကြိမ်မြောက် ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာစာမေးပွဲကြီးတွင် မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)တို့၏ စီစဥ်ဆောင်ရွက်မှုဖြင့် အ.ထ.က(၁) စာဖြေဌာနမှ ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သူများအား အောင်လက်မှတ်များပေးအပ်ခြင်းနှင့် ဆုများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာသူများမှ နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ကာ မြောက်ဥက္ကလာပမြို့နယ်(YMBA)အသင်းကြီး၏ ဩဝါဒါစရိယဆရာတော်ကြီးများမှ ဩဝါဒစကားများချီးမြှင့်ခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်မို့မို့ခိုင်က ဂုဏ်ပြုစကားပြောကြားခဲ့သည်။ ထို့နောက် အ.ထ.က(၁)တွင်ပြုလုပ်ခဲ့သည့် မြို့နယ်အဆင့်ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲ ဖြေဆိုရာတွင် ကြီးကြပ်ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆရာ/ဆရာမများအား မရမ်းကုန်းခရိုင်၊ (YMBA)အသင်းမှ ခရိုင်ဥက္ကဋ္ဌဦးဇာနည်ထွန်းက အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ရာ မြို့နယ်ပညာရေးမှူးနှင့် အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီးတို့က လက်ခံရယူခဲ့သည်။
ဆက်လက်၍ ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာစာမေးပွဲကြီးတွင် အ.ထ.က(၁)စာဖြေဌာနမှ ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများနှင့် ဆုရရှိသူများကို မြို့နယ်(YMBA)အသင်းဒု-ဥက္ကဋ္ဌဦးအောင်းဝင်းနှင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်(YMBA)အသင်း နာယကဦးစိုးမင်းဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် အလှူရှင်များက မြို့နယ်(YMBA)အသင်း၏ ဩဝါဒါစရိယဆရာတော်ကြီးများအား နဝကမ္မဝတ္ထုလှူဖွယ်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်သွန်းချအမျှဝေခြင်းများ ပြုလုပ်ခဲ့ကြပြီး အခမ်းအနားသို့ ခရိုင်(YMBA)အသင်း၊ မြို့နယ်(YMBA)အသင်း မြို့နယ်ပညာရေးမှူး၊ အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)