ကလေးဝမြို့တွင် ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲပြုလုပ်

ကလေးဝ ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီက ရွှေမုဌောစေတီတော်မြတ်ကြီးတည်ထားရာ ကုန်းတော်ပတ်ဝန်းကျင်၌ ပြုလုပ်ခဲ့သည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ကံကော်ပင် ၁၂၀ ပင်အား စုပေါင်း၍ စိုက်ပျိုစခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)