၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲကျင်းပ

ရမည်းသင်း ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမည်းသင်းခရိုင်၊ ရမည်းမြို့နယ် ဦးစီးဌာနမှူးရုံး ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ယနေ့နံနက် ၉ နာရီက ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာခန်မ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် သန်းခေါင်းစာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက လူဦးရေစာရင်း တိကျမှန်ကန်ရေး ပြည်သူအားလုံးပါဝင်ကြစေလိုကြောင်း၊ သန်းခေါင်းစာရင်း ကောက်ရသည့်ရည်ရွယ်ချက်များဖြစ်သည့် အခြေခံပညာကျောင်းများ၊ ဆေးရုံ၊ဆေးခန်း၊ ရေပေးဝေမှုစနစ်၊ လျှပ်စစ်ဓါတ်အားဖြန့်ဝေမှု၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ လူမှုစီးပွားဖွံဖြိုးတိုးတက်ရေးတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရမည်းသင်းမြို့နယ်သန်းခေါင်စာရင်း ကော်မတီအတွင်းရေးမှူး၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးမှူး ဦးသိန်းထိုက်က သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း စာရင်းစစ်၊ စာရင်းကောက်လုပ်ငန်းများနှင့် စာရင်းကောက်ရည်ညွန်ချိန်၊ စာရင်းကောက် မေးခွန်းပုံစံ၊ သန်းခေါင်စာရင်းကောက်ယူရခြင်းသည် ပြည်သူများ၏ အလုပ်အကိုင်များနှင့် အသက်အပိုင်းအခြားတိကျစေရေးနှင့် လူမှုစီးပွားဖွံဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အဦများ စသည်တို့ကို ကောက်ကွက်အလိုက် စနစ်တကျ ကောက်ယူဆောင်ရွက်နိုင်ရေး လုပ်ငန်း အဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ သန်းခေါင်စာရင်း ကောက်ယူရေးအသင်းအဖွဲ့များမှ သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်းကာ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

ရမည်းသင်းခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ(၁) ရက်မှ(၁၅)ရက်နေ့ထိ ရမည်းသင်းမြို့နယ်အတွင်း အဖွဲ့(၄၀)ဖွဲ့ဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်