ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့မစျေးကြီးတွင် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဆိပ်ကြီးခနောင်တိုမြို့နယ် ဆရာဝန်ကြီးဒေါက်တာသီတာတင်ဝင်းက မြို့မစျေးရုံးခန်းတွင် စျေးတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ စျေးရောင်းချသူများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာ၊ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်စေနိုင်သည့်အကြောင်းအရင်း၊ အစားအစာသန့်ရှင်းရေး၊ ဝမ်းပျက်/ ဝမ်းလျှောရောဂါ လက္ခဏာများ၊ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေး ဟောပြောသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များကဦးဆောင်၍ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက စျေးတာဝန်ရှိသူများနှင့်အတူ စျေးအတွင်း သားငါး၊ ဟင်းသီးဟင်းရွက်၊ အစား အသောက်များ ရောင်းချနေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လတ်တလော ဖြစ်ပွားလျက်ရှိ သည့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ အားသတိထား၍ ကျန်းမာရေးလမ်း ညွှန်ချက်များနှင့်အညီ ရောင်းချရေး အသိပေးပြော ကြားပြီး၊ ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)