ရွှေပြည်သာ ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်ကျန်းမာရေးဌာနှင့် ဌာနဆိုင်ရာများပူးပေါင်း၍အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်တွင် ရပ်ကွက်များ၌ ဆောင်ရွက်ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေပြည်သာမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးဌာနမှဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းဦးဆောင်၍ အဖွဲ့များခွဲကာ ကျန်းမာရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ Mass Chlorination လုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများ၊ စားသောက်ဆိုင်များ၊ ဈေးများတွင် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)