ပုသိမ် ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယနေ့နံနက်ပိုင်း၌ စားသောက်ဆိုင်များ၊ လဖ္ဘက်ရည်ဆိုင်များ၊ မုန့်ဆိုင်များနှင့် မြို့သစ်ဈေးတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း၊ ရောဂါဖြစ်ပွားစေနိုင်သည့် အသုံးအဆောင်ပစ္စည်းများ၊ ရောဂါကူးစက်ပုံများ၊ ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ကြပြီး စားသောက်ဆိုင်ဝန်ထမ်းများနှင့် စားသုံးသူများအား အသိပညာပေး လက်ကမ်းစာစောင်(၅၀၀)စောင် ဖြန့်ဝေပေးခဲ့ကြသည်။
ကျော်ဟိန်း(ပြန်/ဆက်)