သတင်းများ

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က (၆၁)နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသာအားဖြင့် စုပေါင်းသွေးလှူဒါန်း
Sep 27,2025
(၆၁)နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသာအားဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၈)နာရီက မန္တလေးပြည်သူ့ဆေးရုံကြီး မန်းတောင်ရိပ်ကိုးထပ်ဆောင်တွင် ပြုလုပ်ကျင်းပသည်။
ဇေယျာသီရိမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းခွင်များသို့ ဦးစီးအရာရှိ(မြို့ပြ) မွမ်းမံသင်တန်းသား/ မွမ်းမံသင်တန်းသူများ ကွင်းဆင်းလေ့လာကြည့်ရှု
Sep 27,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းခွင်များသို့ ယနေ့နံနက်ပိုင်းက အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးဆောင်၍ ဦးစီးအရာရှိ (မြို့ပြ) မွမ်းမံသင်တန်းသား/ သူများ ကွင်းဆင်း လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် နွားကူးကြီးကျေးရွာအနီး ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၃) သိန်း ငါးမျိုးစိုက်ထည့်ပေး
Sep 27,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာအုပ်စု ရေအေးဆိပ်ကျေးရွာအနီးရှိ ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၃) သိန်း ငါးမျိုးစိုက်ထည့်ပေးခြင်းကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက် (၇) နာရီခွဲက မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ငါးမျိုး စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။ 
အလုံမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ
Sep 27,2025
အလုံမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက နှင်းဆီလမ်းရှိ အလုံမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၁) တပ်မတော်ဆေးရုံ ကုတင် (၅၀၀)တွင် စုပေါင်းသွေးလှူဒါန်း
Sep 27,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှဦးစီး၍ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၈)နာရီအချိန်က  အမှတ် (၁) တပ်မတော်ဆေးရုံ ကုတင် (၅၀၀)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မန်းတမံနှင့်ရင့်ရှည်တမံရေပိုလွှဲများမှ ရေကျော်စီးဆင်း
Sep 27,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၂၇ ရက် ယနေ့နံနက် ၆ နာရီအချိန်တိုင်းတာချက်အရ မန်း‌ချောင်းရေလှောင်တမံ အမြင့်ပေ ၆၄၀၊ ဆည်ရေပြည့်အမှတ် ၆၂၅ ပေ ရှိရာမှ  ၆၂၇.၂၀ ပေ သို့ ရောက်ရှိပြီး ပင်မရေပိုလွှဲမှ ၂.၂၀ ပေအမြင့်နှင့် ရင့်ရှည်ရေလှောင်တမံသည် အမြင့် ပေ ၆၁၀ ၊ ဆည်ရေပြည့်အမှတ် ၆၀၂ ပေရှိရာမှ ၆၀၂.၉၀ ပေသို့ ရောက်ရှိပြီး ရေပိုလွှဲမှ ၀.၉၀ပေ အဖြစ် တမံရေပိုလွှဲများမှ ဆက်လက်ရေကျော် စီးဆင်းလျက်ရှိကြောင်း ငဖဲမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
သဲကုန်းမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့ နယ်လှည့်ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်
Sep 27,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြည်မြို့ ကုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ပြည်သူများ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ ယနေ့နံနက် ၈နာရီက သဲကုန်းမြို့နယ်၊ ပုတီးကုန်းတိုက်နယ်ပြည်သူ့ဆေးရုံတွင် အထွေထွေရောဂါ ဝေဒနာခံစားနေရသော ပြည်သူများအား (အခမဲ့) ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ကမ်းပြိုဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်
Sep 27,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ချောင်းဖြူကျေးရွာ ဆားပွက်ချောင်းဘေးတွင် နေထိုင်သော ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင် မိသားစုများအား ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေများကို ယမန်နေ့ ညနေ ၃ နာရီက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။