သတင်းများ

ချောက်မြို့နယ်၌ ရေဘေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Jul 07,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ရေဝင်ရပ်ကွက်များသို့ ရေဘေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ဧရာဝတီမြစ်ကမ်းဘေး ရပ်ကွက်နေပြည်သူများအတွင်း လိုက်လံနှိုးဆော်အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မြစ်ကမ်းဘေးရှိ ရှေးဟောင်းသမိုင်းဝင် သိမ်ကမ်းပါးမြစ်ရေတိုက်စားနေမှုအခြေအနေနှင့် သုသေတနပြု တူးဖော်ြခင်းလုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်စစ်ဆေး
Jul 07,2026
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဇူလိုင် ၆ ရက်​နေ့နံနက်ပိုင်းက မြစ်ရေတိုက်စားခြင်းကြောင့် ဖြစ်ပေါ်နေသည့် တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ အင်းဝရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဟံသာဝတီကျေးရွာအုပ်စု မုံ့တီစုရပ် ဂိုဏ်းအုတ်ကျောင်းအတွင်းရှိ ရှေးဟောင်းအဆောက်အအုံအမှတ် (၅၃၄-က) သိမ်ကျောင်း အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jul 07,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ကျောင်းသူ၊ လူငယ်၊လူရွယ်များအား ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး၊ ပြည်နယ်အတွင်း ဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းများ ပြုပြင်ခြင်းနှင့် စားရေရိက္ခာထောက်ပံ့ခြင်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးနှင့် ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၆) အစည်းအဝေးတက်ရောက်
Jul 07,2026
ကချင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာအတွင်းရှိ အမှတ် (၇) အခြေခံပညာမူလတန်းလွန်ကျောင်းဝင်းအတွင်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြရာ ကျေးရွာရှိဒေသခံပြည်သူများက ရှမ်းတိုင်းရင်းသားရိုးရာအကတို့ဖြင့် ကြိုဆိုခဲ့ကြသည်။
စေတုတ္တရာမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်း အခမ်းအနားကျင်းပ
Jul 07,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အခြခံပညာအထက်တန်းကျောင်း၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။
ပြင်ဦးလွင်မြို့နယ်၌ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
Jul 07,2026
ဥတုရာသီ ဂေဟစနစ်ကောင်းမွန်ရေးကို အထောက်အကူပြုနိုင်ရန်နှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဇီ၀မျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ပတ်၀န်းကျင်စိမ်းလန်းစိုပြည် သာယာစေရန် ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအေးကိုကို၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်တွဲဘက်၀န်ထမ်းများဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  ပြင်ဦးလွင်ခရိုင် အားကစားကွင်း၀င်းတွင် ကျင်းပသည်။
လမ်းမတော်မြို့နယ် ပညာထွန်းလင်းကိုယ်ပိုင်ကျောင်းတွင် ကျောင်းသား/ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေး
Jul 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပညာထွန်းလင်းကိုယ်ပိုင်ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးမှုများကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်၌ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
Jul 07,2026
ဥတုရာသီ ဂေဟစနစ်ကောင်းမွန်ရေးကို အထောက်အကူပြုနိုင်ရန်နှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဇီ၀မျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ပတ်၀န်းကျင်စိမ်းလန်းစိုပြည်သာယာစေရန် ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအေးကိုကို၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်တွဲဘက်၀န်ထမ်းများဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  ပြင်ဦးလွင်ခရိုင် အားကစားကွင်း၀င်းတွင် ကျင်းပသည်။