ပေါက်ခေါင်း ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်၊ ကျွဲပေါင်ပင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း၊ လမ်းဘေး (ဝဲ၊ ယာ) တွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်နှင့် ဝန်ထမ်းများ၊ ကျွဲပေါင်ပင်ကျေးရွာမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ကုန်ထုတ်လမ်းဘေး (ဝဲ၊ ယာ) တွင် ကျွန်း (၁၃၀) ပင်၊ မန်ဂျန်ရှား (၁၂၀) ပင်၊ ဒန့်ဒလွန် (၅၀) ပင် စုစုပေါင်း အရိပ်ရပင် (၃၀၀) အား ကျေးလက်ဒေသ စိမ်းလန်းစိုပြည်စေရေးအတွက် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)