ဒိုက်ဦး ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများအား ယနေ့နံနက်ပိုင်းက ပျဥ်ပုံကျေးရွာအုပ်စုတောင်သူများကို ဒိုက်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ချေးပေးရာတွင် ယခင်နှစ်စိုက်ပျိုးစရိတ်ချေးငွေများကို အကြေပေးဆပ်ပြီးဖြစ်သည့် တောင်သူများအား ထုတ်ချေးပေးခြင်းဖြစ်ပြီး လယ်မြေတစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းဖြင့် ယနေ့ထိတောင်သူ (၁၅၇) ဦး၏ လယ်မြေ (၁၀၉၇) ဧကအတွက် ငွေကျပ်သိန်းပေါင်း (၃၂၉၁) ထုတ်ချေးပြီးဖြစ်ကြောင်းနှင့် ချေးငွေအကြေအလည်ပေးဆပ်ပြီး တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မန်နေဂျာထံမှ သိရသည်။
စိုးထက်ကျော် (ပြန်/ဆက်)