ခမောက်ကြီးမြို့တွင် အင်အားပြည့် ဗီတာမင်အေဆေးလုံးနှင့် သန်ချဆေးတိုက်ကျွေးခြင်း ဆောင်ရွက်
Sep 27,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ ပူးပေါင်း၍ အခြေခံပညာမူလတန်းလွန်ကျောင်း စမ်းသီတာရှိ ကျောင်းသား၊ ကျောင်းသူများအား အင်အားပြည့် ဗီတာမင်အေဆေးလုံးနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။