သတင်းများ

ဖျာပုံမြို့၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ မှော်ဘီကျေးရွာအုပ်စု၊ ထိန်တပင်ကျေးရွာတွင် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ဇူလိုင်လ ၆ ရက်နေ့ နံနက် (၈)နာရီခွဲအချိန်က အဆိုပါကျေးရွာတွင်စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
သာပေါင်းမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက်ဥပဒေ အသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(ToT) ဖွင့်လှစ်
Jul 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွား‌ရေးဦးစီးဌာန၏ လမ်းညွှန်ချက်အရ ဧရာဝတီတိုင်းဒေသကြီး ဥပဒေ ချုပ်ရုံး၏ ကြီးကြပ်မှုဖြင့် သာပေါင်းမြို့နယ်ဥပဒေရုံးမှဖွင့်လှစ်သော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ဇူလိုင်လ ၆ ရက်၊ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြမြို့တွင် လူမှုဖူလုံရေးအဖွဲ့မှ နယ်လှည့်ဆေးကုသယာဥ် (Mobile Medical Unit) ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး
Jul 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖုလုံရေး ထည့်ဝင်ကြေးပေးသွင်းထားသော အလုပ်သမားပြည်သူများအားနယ်လှည့်ဆေးကုသယာဥ် (MMU) ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းကို ဇူလိုင်လ (၆) ရက်နေ့ နံနက် ၈ နာရီ ၃၀  အချိန်မှစတင်၍ ကွယ်လွယ်ကျေးရွာစက်မှုဇုန်ရှိ ခိုင်ဖြိုးကျော်ဆန်စက်တွင် ဆောင်ရွက်ပေးနေကြောင်းသိရသည်။
မြောင်းမြမြို့နယ်တွင်ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ
Jul 07,2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြောင်းမြမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ဇူလိုင်လ ၆ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကျေးလက် ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအား ကညင်ချောင်း ကျေးရွာအုပ်စု၊ မြစိမ်းရောင်ကျေးရွာမြစိမ်းတောင်သာသနာ့နယ်မြေတွင် ယမန်နေ့နံနက်  ၇ နာရီ ၃၀ အချိန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ညောင်တုန်းမြို့နယ်၌ "ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jul 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားသော "ခရောင်းလမ်း ကိုဖြတ်ကျော်ခြင်း"စာအုပ်ဖြင့် ယနေ့  မွန်းလွဲပိုင်းက စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။
ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ မိုးညှင်းမြို့နယ်၌ ကျင်းပ
Jul 07,2026
၂၀၂၆ ခုနှစ်၊ ဇူလိုင် (၆)ရက်တွင်ကျရောက်သည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်(၈)နာရီက ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာရှိ စိန့်ဂျိုးဇက်ဘုရားရှိခိုးကျောင်းဝင်း၌ ကျင်းပသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေပေး
Jul 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်အတွင်း သွားလာနေကြသော မော်တော်ယာဉ်မောင်းနှင်းနေသူများ ယာဉ်အန္တရယ်ကင်းရှင်းစေရေး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက ခေမာသီလမ်းနှင့် မေဓာဝီလမ်းဆုံ (ဈ) ဈေးမီးပွိုင့်အနီးတွင် ဆောင်ရွက်ခဲ့ကြသည်။
ခရမ်းမြို့ အ.မ.က (မူလွန်) ကျုံတူးကျေးရွာကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jul 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယနေ့ နံနက်က အ.မ.က (မူလွန်) ကျုံတူးကျေးရွာကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။