တွံတေးတူးမြောင်းအတွင်း စည်းကမ်းမဲ့အမှိုက်မစွန့်ပစ်ရေး အသိပေးဆိုင်ဘုတ်များ စိုက်ထူ
Jul 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တွံတေးတူးမြောင်းသာယာလှပစေရေး၊ သဘာဝပတ်ဝန်းကျင် ရေပြင်သန့်ရှင်းစေရေးအတွက် ယနေ့ နံနက်ပိုင်းက တွံတေးတူးမြောင်းတစ်လျှောက်ရှိ ကမ်းခြေများ၊ လူထုထပ်သော ဆိပ်ကမ်းများ၊ ကုတိုဆိပ်များတွင် တွံတေးတူးမြောင်းအတွင်း စည်းကမ်းမဲ့ အမှိုက်မစွန့်ပစ်ရေးအသိပေးဆိုင်ဘုတ်များ လိုက်လံစိုက်ထူခဲ့ကြောင်း သိရသည်။