ကွမ်းခြံကုန်းမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ကွမ်းခြံကုန်း ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ နှင့်နံရံကပ်စာစောင်ပြပွဲကို ယ‌မန်နေ့က မြေနီကုန်းကျေးရွာ အ.မ.ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်နန့်‌ဆွေနွယ်ဦးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးအ‌ကြောင်းအရာများအားလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ၊ ဒေါ်နွယ်နွယ်အေးက စားသုံးသူရေးရာ အခွင့်အရေးဆိုင်ရာ အကြောင်းအရာများအားလည်း‌ကောင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ လက်ထောက်ဆေးခန်းမှူး ဒေါ်အေးမြတ်စိုးကတစ်ကိုယ်ရည်သန့်ရှင်း‌ရေး စသည်တို့ကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသူ၊ ကျောင်းသားများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ် စာစောင်များအား ဖတ်ရူလေ့လာခြင်းနှင့် ပြသထားသောနံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)