တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အာဇာနည်‌နေ့ အထိမ်းအမှတ်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

တံတား ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အာဇာနည်နေ့ အထိမ်းအမှတ်ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲ၀င်‌ ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အာဇာနည်နေ့ အထိမ်းအမှတ်ကဗျာရွတ်ဆိုပြိုင်ပွဲကို စတင်ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား (၅) ဦး၊ ကျောင်းသူ (၈) ဦး၊ စုစု‌ပေါင်း (၁၃) ဦးတို့မှ ပါ၀င်ယှဉ်ပြိုင်ခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်သူများကို ရွေးချယ်၍ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့‌သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်၊ စာ‌စောင်များနှင့် အသိပညာ‌ပေးနံရံကပ်စာစောင်များကို ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုငှားရမ်းခဲ့ကြောင်း သိရသည်။

လှိုင်သူဇာ (ပြန်/ဆက်)