လဟယ်မြို့တွင် ခွေးရူးရောဂါ ကြိုတင်ကာကွယ်တိုက်ဖျက် ရေးအသိပညာပေးဟောပြော
Sep 27,2025
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလဟယ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့တွင်ကျရောက်သည့် (၁၉) ကြိမ် မြောက်ကမ္ဘာ့ ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါကင်းစင်ရေး မနှေးအမြန်လက်တွဲပေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန community center ခန်းမ၌ ကျင်းပပါသည်။