သတင်းများ

မိုးညိုမြို့နယ်၌ ရေဘေးကြိုတင်ကာကွယ်‌ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Jul 07,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ရေဘေးကြိုတင်ကာကွယ်‌ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး
Jul 07,2026
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနယ်လှည့်ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ ဟောပြောပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ
Jul 07,2026
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဟောပြောပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတို့ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာအောင်သင်း၏ “လူငယ်ရဲ့ ဘဝနှင့်တန်ဖိုး”စာအုပ်ဖြင့်  စာဖတ်ဝိုင်းဆွေးနွေး
Jul 07,2026
မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ခရိုင်အတွင်းရှိ မြို့‌နယ်စာရေးဆရာအသင်းအဖွဲ့များနှင့် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာ‌ရေးဆရာအောင်သင်း၏ “လူငယ်ရဲ့ဘဝနှင့်တန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးသည်။
စမ်းချောင်းမြို့နယ်တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ် နှင့်  UID ကတ်များ ထုတ်ပေး
Jul 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ်တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က အမှတ် (၃)အခြေခံပညာ အထက်တန်း‌ကျောင်း၌  ဆောင်ရွက်ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိရန်  ၆၆ စင်တီမီတာခန့်အလို ရောက်ရှိနေ
Jul 07,2026
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တွင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၆၆ စင်တီမီတာခန့်လိုကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန တာဝန်ခံ ဦးအောင်ကိုမင်းထံက သိရသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)၌  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 07,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ မိုးရာသီ သစ်ပင်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၇ ရက် နံနက် ၈ နာရီခွဲက အစိုးရနည်းပညာအထက်တန်းကျောင်းဝန်းအတွင်း ကျင်းပသည်။
သန်လျင်ခရိုင်၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်နေအိမ်များအား ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Jul 07,2026
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ သုံးခွမြို့နှင့် ခရမ်းမြို့နယ်များတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်နေအိမ်များအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊