ကိုကိုးကျွန်း ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် အထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်၌ မြို့နယ်အဆင့်လူကုန်ကူးမှုတားဆီး၊ ကာကွယ်တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ဦးအောင်မျိုးဦးမှ ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ဦးအောင်မျိုးဦးမှ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် လူကုန်ကူးခြင်းများအကြောင်း၊ လူကုန်ကူးခြင်းများကို ပူးပေါင်းကာကွယ်တိုက်ဖျက်ကြစို့ခေါင်းစဉ်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ စသည်ဖြင့် အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးနိုင်၊ အထကကျောင်းအုပ်ဆရာကြီး ဦးရန်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူး ဦးအောင်မျိုးဦးနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)