သာယာဝတီ ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်အား ယနေ့နံနက်ပိုင်းက သာယာဝတီမြို့မဈေးကြီး၌ ဈေးရောင်းဆိုင်များအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုက သာယာဝတီမြို့မဈေးကြီး၌ ဒေသခံပြည်သူများ ဆန်၊ ဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်လမ်းညွှန်မှုဖြင့် အပတ်စဥ်အင်္ဂါနေ့နှင့် စနေနေ့များ၌ နေ့စဥ်နံနက် ၈ နာရီမှ ၁၀နာရီအထိ ဖွင့်လှစ်ရောင်းချလျက်ရှိသော ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ယခုထက် အမျိုးအမည်စုံလင်စွာနှင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနိုင်ရေး၊ စည်းကမ်းတကျ ကုန်ပစ္စည်းများ တင်ချနိုင်ရေးစီစဉ်ဆောင်ရွက်ရန်နှင့် ပြည်သူလူထု၏ အဓိက အခြေခံစားကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ၀က်သား၊ အမဲသားနှင့် ဟင်းသီးဟင်းရွက်များ ပြတ်လပ်မှုမရှိစေရေးရောင်းချပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးအဖွဲ့၏ ဦးဆောင်စီစဉ်လမ်းညွှန်မှုဖြင့် ဒေသခံပြည်သူများ ဆန်၊ ဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး သက်ဆိုင်ရာကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် ချိတ်ဆက်ကာ ၎င်းတို့ကိုယ်တိုင် တိုက်ရိုက်လာရောက်ရောင်းချနိုင်သည့် အရောင်းဆိုင်များဖွင့်လှစ်၍ မြို့မဈေးတွင် နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)