ကံမမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ကျေးရွာအုပ်စု (၃၇)အုပ်စု ထုတ်ချေးပြီးစီး
Sep 27,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၁) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ကျေးရွာအုပ်စု (၃၇)အုပ်စု ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။