သတင်းများ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုးကာ၊ ဝတ်စုံနှင့် စားသောက်ဖွယ်ရာများ ပေးအပ်
Jul 07,2026
တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုးကာ၊ ဝတ်စုံနှင့်စားသောက်ဖွယ်ရာများပေးအပ်ခြင်းအခမ်းအနား ကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
သဲကုန်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် တားမြစ်ထားသောဆီများ ရောင်းချမှု ရှိ/မရှိ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Jul 07,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် တားမြစ်ထားသောဆီများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က သဲကုန်းမြို့နယ် ဝက်ပုတ်မြို့မစျေးနှင့် အင်းမမြို့မစျေးများ၌ ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များတွင်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
တံတားမြို့အခြေခံပညာကျောင်းများ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Jul 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုစနစ်ပုံစံများသိရှိစေပြီး ကျန်းမာရေးအဆင့်အတန်း တိုးတက်စေရန်ရည်ရွယ်၍ ယမန်နေ့က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်‌ကျွေး
Jul 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် ဆေးထိုးစုရပ်များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 07,2026
၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဖိတ်ကြားထားသူများနှင့် သက်ဆိုင်ရာဆပ်ကော်မတီအသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ 
လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး (Book Club) အဖွဲ့ဝင်များစာဖတ်ဝိုင်းပြုလုပ်
Jul 07,2026
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာ ရွှေဉဒေါင်း ရေးသားသော “ အကြံဉာဏ်ဖြင့် ကြီးပွားရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်သည်။
ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း၌ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး
Jul 07,2026
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအခမ်းအနားကို အဆိုပါအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပဲခူးမြို့၌မျက်စိခွဲစိတ်ကုသမှု ထပ်မံဆောင်ရွက်ပေး
Jul 07,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ကုတင် (၅၀၀) ဆံ့ အထွေထွေရောဂါ ကုဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ မျက်စိခွဲစိတ်ကုသမှုပြီးစီးသည့် လူနာများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။