သတင်းများ

ပုသိမ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်လှစ်
Jul 07,2026
ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ ဧရာဝတီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ကြီးကြပ်မှုဖြင့် ပုသိမ်မြို့နယ်ဥပဒေရုံးမှဖွင့်လှစ်သော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမတွင် ပြုလုပ်ရာအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ပခုက္ကူမြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT) ဖွင့်လှစ်ပို့ချ
Jul 07,2026
ဥပဒေရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသော ပြည်သူ့အတွက်ကြိုးပမ်းမှုလုပ်ငန်းစဉ်များတွင် ပါဝင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT)ကို ယမန်နေ့မွန်းလွဲ၁နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြဧရာ(၁)ခန်းမ၌ကျင်းပရာ မြို့နယ်ဥပဒေအရာရှိ ဦးကျော်ထက်အောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြော ကြားသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 07,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိဉာဏ်ပညာတိုးပွားရရှိစေရန် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးစပါးစိုက်ပျိုးရန် စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစုများ တောင်သူများထံ‌ပေးအပ်
Jul 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုစခန်း၌ ဒေသတွင်းလယ်ယာကဏ္ဍဖွံ့ဖြိုးမှု အထောက် အကူပြု ထုတ်ကုန်ပြပွဲ၊ နည်းပညာပြပွဲနှင့် Rice Export Zone စီမံချက် မိုးစပါးစိုက်ပျိုးရန် စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၅ ရက်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစုများ ပေးအပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 07,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ သစ်တောထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
မြန်အောင်မြို့နယ် ထန်းသုံးပင်ကျေးရွာ စနစ်ကျလယ်ယာမြေ ဧက (၁၀၀) တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
Jul 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၁၃) စက်မှုလယ်ယာစခန်းမှ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ထန်းသုံးပင်ကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာ စနစ်ကျဧက (၁၀၀) ကွင်းရှိ ကွင်းအမှတ် (၂၄၉) တောင်သူ ဦးစိုး၏ လယ်မြေ (၃) ဧကတွင် ကျင်းပပြုလုပ်သည်။
ကလောမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး (PFizer) ထိုးနှံပေးလျက်ရှိ
Jul 07,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး (P Fizer) ကိုမြို့နယ်မိခင်နှင့်ကလေးကျန်းမာ‌ရေးဌာနတွင် ဇူလိုင်လ ၇ ရက်နေ့ နံနက် ၉ နာရီက  ဌာနဆိုင်ရာဝန်ထမ်းများ အားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လပွတ္တာမြို့နယ်၌ ကျောင်းပေါင်းစုံ U-14 ကျောင်းသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ
Jul 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင်၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းပေါင်းစုံ U-14 ကျောင်းသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက နေသူရိန်အားကစားကွင်း၌ ကျင်းပခဲ့သည်။