ငွေဆောင်မြို့၌ ဒီရေတောနှင့် ဓနိစိုက်ခင်းများ ရေရှည်တည်တံ့စေရေးတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ငွေဆောင် ဇူလိုင် ၇

​ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ဒီရေတောများ ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းကိုနှင့် တာဝန်ရှိသူများသည် ယမန်နေ့နေ့လယ်ပိုင်းတွင် သဇင်ကျေးရွာ၊ သဇင်ချောင်းဘေးဝဲယာရှိ ဒီရေတောများ၊ ဓနိစိုက်ခင်းများ၏ အခြေ အနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဦးစွာ မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများသည် သဇင်ချောင်းဘေးဝဲယာတစ်လျှောက်ရှိ ဒီရေတောများ၊ ဓနိခင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ​ ဒီရေတောများအား ထိန်းသိမ်းကာကွယ်ကြရန်၊ ထင်းအဖြစ်ခုတ်ထွင်သုံးစွဲမှုများ မရှိစေရေး ဝိုင်းဝန်းတားဆီးကာကွယ်ကြရန်၊ ရေကြောင်း လုံခြုံရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးအတွက် မသင်္ကာဖွယ် ဧည့်သည်များ၊ စက်လှေများဝင်ထွက်သွားလာမှုနှင့် ထူးခြားဖြစ်စဉ်များ ရှိပါကလည်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများထံ အချိန်နှင့်တပြေးညီ သတင်းပို့တင်ပြကြရန် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များအား မှာကြားခဲ့သည်။

​ယင်းနောက် မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများသည် သဇင်ကျေးရွာဒေသခံပြည်သူများ မိသားစုတစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်လျက်ရှိသည့် ပုဂ္ဂလိက ငါး၊ ပုစွန် မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်လင်းဦး