သတင်းများ

မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်
Jul 07,2026
​ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ကျောင်းပေါင်းစုံ U-14 ကျောင်းသားဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကျင်းပ
Jul 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အားကစားကွင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပေါင်းစုံ U-14 ကျောင်းသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီကကျင်းပခဲ့သည်။
အိမ်မဲမြို့တွင်ကမ္ဘာကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို  ကြို့ကုန်းကျေးရွာအုပ်စု ပေပင်စု ကျေးရွာ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မိုင်းရယ်မြို့နယ်တွင် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT) ဖွင့်လှစ်
Jul 07,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ငပု‌တောမြို့နယ် အုန်းပင်စုကျေးရွာ၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး Rice Export Zone ဆောင်ရွက်မည့် တောင်သူများအား (ပထမ)အကြိမ် စိုက်ပျိုးစရိတ်ချေးငွေများပေးအပ်
Jul 07,2026
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုဝောာမြို့နယ် အုန်းပင်စုကျေးရွာ၌ NayChi Ayeyar Co.,Ltd မှ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး Rice Export Zone ဆောင်ရွက်မည့်တောင်သူများအား (ပထမ)အကြိမ် စိုက်ပျိုးစရိတ်ချေးငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အုန်းပင်စုကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
အမှတ် (၁၇) အခြေခံပညာ မူလတန်းလွန်ကျာင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲများကျင်းပ
Jul 07,2026
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီခွဲက ရေထွက် ကျေးရွာအုပ်စု၊ ကျီကုန်းကျေးရွာရှိ အမှတ် (၁၇) အခြေခံပညာ မူလတန်းလွန်ကျာင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ကြသည်။
သီရိနန္ဒာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသို့ လယ်ယာဝန်ဆောင်မှုလုပ်ငန်း အခြေအနေများ ကွင်းဆင်းကြည့်ရှု
Jul 07,2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာမြောက်ကျေးရွာရှိ သီရိနန္ဒာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသို့ ယမန်နေ့က  မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်အောင်နှင့် တာဝန်ရှိသူများသည် လယ်ယာ ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်‌နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ဆိပ်ဖြူမြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား သင်ကြားပို့ချခြင်းဆောင်ရွက်
Jul 07,2026
မကွေးတိုင်းဒေကြီး ဆိပ်ဖြူမြို့နယ်တွင် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား သင်ကြားပို့ချရှင်းလင်းခြင်းအား ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။