မုံရွာ ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ဌာနဆိုင်ရာလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေးအဆောက်အဦများ တည်ဆောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၆ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအပေါ် တာဝန်ကျေပွန်လိုစိတ်ဖြင့် အလေးထားကာ ပေးအပ်လာသည့် လုပ်ငန်းတာဝန်များအပေါ် အောင်မြင်အောင် ဌာနဆိုင်ရာများချင်းချင်း ချိတ်ဆက်ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေထိုင်ကြမည့် ဝန်ထမ်းများနှင့်ပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ ရုံးလုပ်ငန်းများနှင့် လမ်းပန်းဆက်သွယ်ရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးရန်၊ ဒေသတည်ငြိမ်အေးချမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ ခိုင်မာအားကောင်းလာစေရန် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးရေးအဖွဲ့များနှင့် ဒေသခံ ပြည်သူများမှ လက်တွဲညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်နေစဉ် ကာလအတွင်း မြို့များအား အမြဲသန့်ရှင်းသာယာသပ်ရပ်ရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်ဝန်ထမ်းများ၊ မိသားစုဝင်များ နေထိုင်သွားလာရေး၊ စားသောက်ရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက်လည်းအစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းနှင့် မိမိတို့ တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ခုနှစ်၊ ဘဏ္ဍာရေး နှစ်အတွင်း ဌာနဆိုင်ရာလုပ်ငန်းများနှင့်ပညာရေး၊ ကျန်းမာရေး အဆောက်အဦများ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)