မိုးကောင်း ဇူလိုင် ၇
ကချင်ပြည်နယ်လွတ်တော် ဒုတိယဥက္ကဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် မိုးကောင်းမြို့မှပြည်သူများနှင့် ဇူလိုင်လ(၆)နေ့တွင် မိုးကောင်းမြို့တော်ခန်းမ၌ နံနက်(၉)နာရီခွဲတွင်တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ကချင်ပြည်နယ်လွတ်တော် ဒုတိယဥက္ကဌ ဦးသိန်းထွန်းအေးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးမျိုးထိုက်နှင့် ဦးနေလင်းစိုး တို့က လွတ်တော်အတွေ့အကြုံများကိုရှင်းလင်းသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသူများမှသိလိုသည့် တင်ပြချက်များအပေါ် ကချင်ပြည်နယ်လွတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြန်လည်ဖြေရှင်းခဲ့သည်။
ထို့နောက် ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးသည် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဈေးကုန်းရပ်ကွက်ရှိ ရေပြွန်မြောင်း ပေါက်ရေပိတ်စို့နေမှုအခြေအနေများ၊ ပြည်သူ့ဆေးရုံနှစ်ထပ်ဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေ များ၊ ကျွန်းတောရပ်ကွက် လမ်းသွယ်(၉)လမ်း နိမ့်နေသဖြင့် အဆင့်မြှင့်တင်လမ်းဆောင်ရွက်ရန် အခြေနေများ၊ နန့်ရင်းရပ်ကွက် နန့်ရင်းချောင်း မြေထိန်းနံရံနိမ့်ကျနေမှုနှင့် ရေစီးရေလာကောင်းမွန် ရေးအတွက် ပြုပြင်ထိန်းသိန်းရန် လိုအပ်ချက်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ သည်။
သန်းလွင်ဦး(ပြန်/ဆက်)