သုံးခွ ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စစ်ပင်ကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ကျင်းပြုလုပ်ခဲ့သည်။
ဦးစွာ တာဝန်ခံကျောင်းအုပ်ဆရာမ ဒေါ်ယုမြတ်မွန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာ ရှောင်ရှားသင့်သည့် အကြောင်းအရာများကိုပြောကြားပြီး ငလျင်အန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်မှုမရှိကြောင်း၊ အချိန်အခါမရွေးလှုပ်ခတ်နိုင်သောကြောင့် အန္တရာယ်ကင်းရှင်းစေရေးအတွက် နေထိုင်ပြုမူရမည့်အချက်များ၊ ငလျင်လှုပ်နေစဥ် ဆောင်ရွက်ရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အချိန်တိုင်းဂရုပြုနေထိုင်ကြရန်နှင့် ကျောင်းစာအပြင် ဗဟုသုတရဖွယ်စာပေများကို ဖတ်ရှုစေလိုရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာပေများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)