သတင်းများ

မိုးညိုမြို့နယ်၌ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းနှင့် ဆက်စပ်ပုံစံများဖြန့်ဝေခြင်းအခမ်းအနား ကျင်းပ
Sep 28,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းနှင့် ဆက်စပ်ပုံစံများဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ သီတင်းကျွတ်မီးထွန်းပွဲနှင့် မြို့လုံးကျွတ်ဆွမ်းလောင်းပွဲကျင်းပမည်
Sep 28,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ သီတင်းကျွတ်မီးထွန်းပွဲနှင့် မြို့လုံးကျွတ်ဆွမ်းလောင်းပွဲကို အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) အထိမ်းအမှတ် နှလုံးနှင့် သွေးကြောရောဂါဆိုင်ရာ ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း ပြုလုပ်
Sep 28,2025
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံနှလုံးရောဂါပညာရှင်များအဖွဲ့ (Myanmar Cardiac Society) မှ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)အထိမ်းအမှတ် နှလုံးနှင့်သွေးကြောရောဂါဆိုင်ရာ ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အောင်သုခဆေးကုသဆောင်၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရေကြည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းအတွင်းရှိ စိမ်းလဲ့ရေကြည် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 28,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်
Sep 28,2025
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြုလုပ်ကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ် အသုံးပြုနည်းပြသင်တန်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့၊ ဝါးကြီးအိုင်ကျေးရွာအတွင်း မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းလုပ်ဆောင်နေမှုအားကြည့်ရှု
Sep 28,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မြို့သစ်မြို့၊ ဝါးကြီးအိုင်ကျေးရွာအတွင်း မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့သစ်မြို့နယ် ဝါးကြီးအိုင်ကျေးရွာအုပ်စု၊ ဝါးကြီးအိုင်ကျေးရွာ၊ “ရွှေစေတီ”ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းတွင်ပြုလုပ်ရာ၊ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မဲဆန္ဒရှင်ပြည်သူများ၏ လက်တွေ့စမ်းသပ်မဲပေးခြင်းများအား လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ငွေဆောင်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်
Sep 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အား "Clean City, Green City, Smart City" ဖြစ်ပေါ်လာစေရေးအတွက် မြို့စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းကိုမှ ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။