သတင်းများ

ချမ်းအေးသာစံမြို့နယ် ကြင်တော်ယာန်ဗုဒ္ဓဘာသာကျောင်း၌ စုပေါင်းသွေးလှူဒါန်းပွဲဆောင်ရွက်
Jul 07,2026
မြန်မာ-တရုတ်ကုန်သည်များအသင်းနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့ ပူးပေါင်းကျင်းပသော စုပေါင်းသွေးလှူဒါန်းပွဲကို ချမ်းအေးသာစံမြို့နယ် ကြင်တော်ယာန်ဗုဒ္ဓဘာသာကျောင်း၌ ယနေ့ဇူလိုင် ၇ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ငါးသိုင်းချောင်းမြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်
Jul 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်း(ကုန်းပြင်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ (အခမဲ့) ကွင်းဆင်းဆောင်ရွက်
Jul 07,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး-၃ ဦးရဲမင်း ဦးဆောင်သည့် ဝန်ထမ်းများက ပြည်သူများ ကျန်းမာရေးနှင့်ပတ်သက်သည့် ဗဟုသုတများ ရရှိစေရန် ယနေ့နံနက်ပိုင်းက ရန်အောင်မြင်ရပ်ကွက်အတွင်းရှိ ပြည်သူများအား အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ (အခမဲ့)ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 07,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.လ.က မယားမာန်ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
ကံမမြို့နယ်၌ အဓမ္မခိုင်းစေမှုပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Jul 07,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့ နေ့လယ်က အခြေခံပညာအလယ်တန်းကျောင်းခွဲ(မင်းကုန်း)နှင့်ပူးပေါင်း၍ ကျောင်းသားလူငယ်များ အဓမ္မခိုင်းစေမှုဆိုင်ရာအကြောင်းအရာများကို ကျယ်ပြန့်စွာသိရှိနိုင်စေရန် အဓမ္မခိုင်းစေမှုဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 07,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်တွင် အသက် ၁၀ နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ဇူလိုင် ၆ ရက်နေ့ နံနက်ပိုင်းက အထက (သစ်ရာမြိင်)၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။
ပွင့်ဖြူမြို့မဈေး၌ ဈေးရောင်းဈေးဝယ်များကို ပလပတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး
Jul 07,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ဈေးရောင်းဈေးဝယ်များအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်
Jul 07,2026
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့်အမြင် ကြည်လင်အေးမြစေရေးတို့ ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ် သီရိအားကစားကွင်းအတွင်း၌ ကျင်းပသည်။