ကော့ကရိတ်မြို့အတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် လမ်းသားတိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်
Sep 29,2025
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့သာယာလှပပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်(၂၄၂.၁၈)သန်းဖြင့် ကေ့ာကရိတ်မြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်း လမ်းသားတိုးချဲ့ခြင်း၊ စက်ကြီးလမ်းနှင့် ဘုရင့်နောင်လမ်းကွန်ကရစ်လမ်းခင်းခြင်း၊ အမှတ်(၆)ရပ်ကွက်၊ ကျောင်းလမ်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းတို့ကို စက်တင်ဘာလမှစ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၉ ရက်နေ့တွင် ဗိုလ်ချုပ်လမ်းနှင့်စက်ကြီးလမ်းတို့ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။