သတင်းများ

မော်လိုက်မြို့၌ စက်ချုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 07,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း စက်ချုပ်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၉) နာရီအချိန်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူမြို့၊ အ.ထ.က ကေတုမတီ၌ လူငယ်စကားဝိုင်းကျင်းပ
Jul 07,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အ.ထ.က ကေတုမတီ၊ သံလွင်ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လူငယ်စကားဝိုင်း ကျင်းပသည်။
ပြင်ဦးလွင်မြို့နယ် ရေငယ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင်  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 07,2026
လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့‌နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ရေငယ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင်ကျင်းပသည်။
တိုက်ကြီးမြို့နယ်၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်
Jul 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ လူမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ရက် ၁၀၀ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဖလုံဘူတာကျေးရွာအုပ်စု အ.ထ.က (ခွဲ) ဖလုံဘူတာတွင် ဆောင်ရွက်သည်။
ပေါင်မြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲပြုလုပ်
Jul 07,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါင်မြို့နယ် စာရေးဆရာအသင်းတို့ပူးပေါင်းဆောင်ရွက်သော အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က (ခွဲ) နတ်မှော်ကျောင်း၌ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့်ဝန်ထမ်းများ၊ ပေါင်မြို့နယ်စာရေးဆရာအသင်းမှ ဆရာမောင်ပွင့်ဉာဏ် (မောရ)၊ ဆရာငှက်တောင်ပျံ (ဇင်းကျိုက်) တို့နှင့် စာရေးဆရာများ၊ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမြတ်လွင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နတ်မှော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောမြသောင်းနှင့် ကျောင်းအကျိုးတော်ဆောင်များတက်ရောက်ခဲ့ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့်ပေးပို့လာသည့် အခြေခံစာသောက်ကုန်များ ပူတာအိုသို့ရောက်ရှိ
Jul 07,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ပေးပို့လာသည့် အခြေခံစားသောက်ကုန်များ တင်ဆောင်လာသည့် မော်တော်ယာဉ် (၃) စီးသည် မြစ်ကြီးနားမြို့မှတဆင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်- ပူတာအို ပြည်ထောင်စုကားလမ်းမအတိုင်း တင်ဆောင်၍ ဇူလိုင် (၄) ရက်ညနေပိုင်းက ပူတာအိုမြို့သို့ ရောက်ရှိလာသည်။
ဒလမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ရေတံခါးကျေးရွာ အောင်သိဒ္ဓိဘုန်းကြီးကျောင်း ဓမ္မာရုံအမိုးလန်ပျက်စီးမှုနှင့် ကျောင်းဆောင်ပြုပြင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း
Jul 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ဇူလိုင်လ (၅) ရက်နေ့ ညနေ ၅ နာရီ မိနစ် ၄၅ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် တုံးတင်ဂံ (တောင်) ကျေးရွာအုပ်စု၊ ရေတံခါးကျေးရွာအောင်သိဒ္ဓိဘုန်းကြီးကျောင်း ဓမ္မာရုံအမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ရာ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကျောင်းဆောင်ပြုပြင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ဓနုဖြူမြို့နယ်၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြိူ့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ (World Rural Development) အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇူလိုင်လ ၆ ရက်နေ့နံနက်ပိုင်းက ငါးဘတ်အိုင်ကျေးရွာအုပ်စု၊ ငါးဘတ်အိုင်ခေတ်မီစံပြကျေးရွာ၌ ကျင်းပ သည်။