သီရိနန္ဒာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသို့ လယ်ယာဝန်ဆောင်မှုလုပ်ငန်း အခြေအနေများ ကွင်းဆင်းကြည့်ရှု

ပုသိမ်ကြီး ဇူလိုင် ၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာမြောက်ကျေးရွာရှိ သီရိနန္ဒာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသို့ ယမန်နေ့က  မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်အောင်နှင့် တာဝန်ရှိသူများသည် လယ်ယာ ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်‌နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

အဆိုပါ လုပ်ငန်းများကို နိုင်ငံတော်မှ ၅၀ ရာခိုင်နှုန်းထောက်ပံ့ပေးသည့် Daedong စက်ကိရိယာ လယ်ယာဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်‌ နေသည့် သီရိနန္ဒာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၊ အသင်းသား တောင်သူတစ်ဦး၏ လယ်ယာမြေ၌ လယ်ယာဝန်ဆောင်မှုလုပ်ငန်း အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ရွှေရန်ကင်း