ပေါင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ပံ့ပိုးပစ္စည်းနှင့် ပံ့ပိုးငွေများပေးအပ်
Jul 07,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် လူနေအိမ်များနှင့် သာသနိကအဆောက်အအုံတို့အား ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပေါင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်က ကဒါရပ်ကွက်တွင် ဇူလိုင်လ ၅ ရက်နေ့၊ ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် သာသနိကအဆောက်အအုံ၊ အခြေခံပညာမူလတန်းကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုအခြေအနေတို့အပေါ် ပြန်လည်နေရာချထားနိုင်ရေးအတွက် အလှူငွေများနှင့် အိမ်ဆောက်ပစ္စည်းများ ပေးအပ်ရခြင်းဖြစ်ကြောင်း၊ လေဆင်နှာမောင်းသည် နေရာအနှံအပြားတွင်ဖြစ်ပွားတတ်ပြီး ငလျင်ကဲ့သို့ ကြိုတင်ကာကွယ်ရန် ခက်ခဲကြောင်း၊ အဓိကအားဖြင့် မိုးရာသီအစမှာ သစ်ပင်များရှင်းလင်းခြင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးမှူးများက ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိဆိုင်ခန်းအပေါ်မှာရှိသည့် သစ်ပင်ကြီးများကို ခုတ်လဲရှင်းလင်းဖို့လိုအပ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။