ဗဟန်းမြို့နယ်ရှိ ရွှေတောင်ကြား(၁)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား
Sep 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် ရွှေတောင်ကြား(၁)ရပ်ကွက် ငွေဝတ်မှုန်ရိပ်သာလမ်း အမှတ်(၇၀/တ)၊ အကျယ်အဝန်း (၃၅×၄၀)ပေရှိ RC နှစ်ထပ်၊ အဆောက်အဦ၏ အပေါ်ထပ်အကျယ်အဝန်း(၁၅×၄၀)ပေအခန်းတွင် ယမန်နေ့ည(၁၀)နာရီ(၄၀)မိနစ်အချိန်က အဲယားကွန်းအတွင်းပန်ကာ၏ မော်တာ အပူလွန်ကဲပြီး မီးစထွက်ရာမှ အောက်ရှိမွေ့ယာပေါ်သို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။